SJ WorldNews - шаблон joomla Авто

ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်(ဘင်္ဂါလီ) ကျေးရွာ၌ မီးလောင်မှုဖြစ်ပွား

Wednesday, 18 March 2020 08:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၁၇

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဆင်သေပြင်(ဘင်္ဂါလီ) ကျေးရွာနေ ရာအိမ်မှူးဖြစ်သူ မာမွတ်အီလီ(ဘ)ဟာဆွမ်းချုလီ၏ ဓနိမိုး၊ ဝါးထရံကာဖြင့် ဆောက်လုပ်ထားသော ဆန်စက်၌ မတ် ၁၆ ရက် ည ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် ကျေးရွာသူ၊ ကျေးရွာသားများက ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၅၉ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ကျေးရွာရှိ နေအိမ်ငါးလုံးနှင့်  ဈေးဆိုင်ခန်းတစ်ခန်း ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရှိရသည်။ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ဖုံညိုလိပ်ရဲကင်းစခန်းမှ စုံစမ်းဖော်ထုတ်၍ တရားဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 74 times Last modified on Wednesday, 18 March 2020 08:58