SJ WorldNews - шаблон joomla Авто

အောင်လံမြို့၊ စမ်းချောင်းတိုးချဲ့ကွက်သစ်ရှိ အောင်ဇမ္ဗူဘုန်းတော်ကြီးကျောင်း၌ မီးလောင်မှုဖြစ်ပွား

Saturday, 21 March 2020 10:05 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ စမ်းချောင်းတိုးချဲ့ကွက်သစ်အရှေ့ဘက်ရှိ  အောင်ဇမ္ဗူကျောင်းတိုက်၌ ယနေ့နံနက် ၇ နာရီခန့်တွင် လျှပ်စစ်ရေနွေးအိုးတည်စဉ် အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ မီးလောင်ရာသို့ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ်သုံးစီးဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ မိနစ် ၄ဝ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့်   လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ်ကျောင်း ဆောင်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 12 times