SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်

Saturday, 21 March 2020 10:07 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး မလှိုင်မြို့နယ် မိတ္ထီလာ-မလှိုင်ကားလမ်း၌ မတ် ၁၉ ရက် မွန်းလွဲ ၁ နာရီက မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွား ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပျော်ကုန်းကျေးရွာ ညောင်မြစ် ကျေးရွာအုပ်စု မိတ္ထီလာမြို့နယ်နေ အောင် ပြည့်ဖြိုး   ၂၄ နှစ်   မောင်းနှင်လာသော  TOYOTA DYNA  အဖြူရောင်ယာဉ်မှာ မိတ္ထီလာ-မလှိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၉/၁)နှင့် (၁၉/၂)ကြား ခရိုင်ချင်းဆက် လမ်းဆုံအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ခြမ်းသို့ တိမ်းမှောက်သွား သည်။

ထိုသို့တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ် လိုက်ပါလာသူ ကိုမိုးသူ ၃၈ နှစ်တွင် စိုးရိမ်ရ ဒဏ်ရာရရှိပြီး အမျိုးသားလေးဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အောင်ပြည့်ဖြိုး အား မလှိုင်မြို့မရဲစခန်းက ယာဉ်(ပ)၃/ ၂ဝ၂ဝ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၈/ ၃၃၇ အရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။                     

(၄ဝ၂)

Read 9 times