SJ WorldNews - шаблон joomla Авто

မူဆယ်မြို့၊ ရွှေသီရိဟိုတယ်၌ တည်းခိုသူတစ်ဦးထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

Saturday, 21 March 2020 10:08 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ ၌လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့သည် သတင်းအရ မတ် ၁၈ ရက် ည ၆ နာရီခွဲခန့်တွင် ရွှေသီရိဟိုတယ်သို့ သွားရောက်စစ်ဆေးရာ အခန်းအမှတ်(၂၂ဝ) ၌ တည်းခိုနေထိုင်သူ ကျော်ရင်လုံ(ဘ) ဦးကျော်ရင်ကျိုး ပိုင်ဆိုင်သည့် Crown  အမျိုးအစားလိုင်စင်မဲ့မော်တော်ယာဉ်ပေါ်မှ ဘိန်းဖြူဘလောက်တုံး ၁ဝ၅ တုံး (၃၆ ဒသမ ၇၅ ကီလိုဂရမ်)၊ICE ၁ဝ ကီလို ဂရမ်နှင့် WY   စာတန်းပါ စိတ်ကြွ ရူးသွပ် ဆေးပြား ၄ဝဝဝဝ ပြား(စုစုပေါင်းမူးယစ် ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ပေါင်း ၈၉ဝဝ ကျော်)ကို တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါမူးယစ်ဆေးဝါးများ၊ လိုင်စင်မဲ့ ယာဉ်နှင့်အတူ ဖမ်းဆီးရမိသူအား တရား ဥပဒေအရ အရေးယူနိုင်ရေး မူဆယ်မြို့မ ရဲစခန်းသို့ အပ်နှံခဲ့ကြောင်းနှင့်ပတ်သက် ဆက်နွှယ်သူအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။                           

(၁ဝဝ)

Read 78 times