SJ WorldNews - шаблон joomla Авто

တာလေမြို့နယ်၊ ကော့မယ်ဟုန်းကျေးရွာအနီး၌ လက်နက်၊ ခဲယမ်းနှင့်မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Tuesday, 24 March 2020 10:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် ယနေ့ညနေ ၄ နာရီခွဲခန့်တွင် ကော့မယ်ဟုန်းကျေးရွာ၏ မြောက်ဘက် မီတာ ၃ဝဝဝ ခန့်အကွာ အရောက်၌ တောင်ယာတဲဟောင်း တစ်လုံးအတွင်းမှ ဒေသန္တရ လုပ်တစ်လုံးထိုး    သေနတ်တစ်လက်၊  ကျည်  နှစ်တောင့်၊ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၂ဝဝ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား အမှုန့် ၅ဝဝ ဂရမ်ခန့် (မူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၆၈ သိန်းခန့်)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား သက်ဆိုင်ရာသို့ စနစ်တကျအပ်နှံသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 63 times Last modified on Tuesday, 24 March 2020 12:13