SJ WorldNews - шаблон joomla Авто

ဝိုင်းမော်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူအားဖမ်းဆီးရမိ

Tuesday, 24 March 2020 10:19 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၃

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့အနီးရှိ ၁၃ ကီလိုမီတာ စစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက် လျက်ရှိသော ပူးပေါင်းအဖွဲ့သည် မတ် ၂၂ ရက် ည ၁၁ နာရီခန့်တွင် ဝါရှောင်ဘက်မှ မန်ဝိန်းဘက်သို့ အိုက်အောင် (ဘ) ဦးအိုက်ဆွတ် မောင်းနှင်လာသည့် မော်တော်ဆိုင် ကယ်အား ရပ်တန့်စစ်ဆေးရာ ဝတ်ဆင်လာသော ဘောင်းဘီအတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈ဝဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄ သိန်းခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူ၊ မော်တော်ဆိုင် ကယ်နှင့် မူးယစ်ဆေးဝါးများအား ဝိုင်းမော်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 9 times Last modified on Tuesday, 24 March 2020 12:12