SJ WorldNews - шаблон joomla Авто

ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Tuesday, 24 March 2020 10:22 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယနေ့နံနက် ၁၁ နာရီခွဲခန့်တွင် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာနေ ဒေါ်သင်း သင်းနွယ်(ဘ) ဦးလှကို၏ နေအိမ်အား သွားရောက်စစ်ဆေး ရှာဖွေရာ နေအိမ်အတွင်းမှ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁ဝ၂ဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၅၁ဝ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူအား ဖားကန့်မြို့မရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပတ်သက်ဆက်နွှယ် သူအားဖမ်းဆီး ရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 72 times Last modified on Tuesday, 24 March 2020 12:12