SJ WorldNews - шаблон joomla Авто

မောင်တောမြို့၊ မောင်နီ(ဘင်္ဂါလီ)ကျေးရွာ၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

Tuesday, 24 March 2020 10:24 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သတင်း အရ မတ် ၂၂ ရက် ည ၉ နာရီခွဲခန့်တွင် မောင်နီ(ဘင်္ဂါလီ)ကျေးရွာနေ မဇော်ဘေတာ ခါတူ (ဘ)မာမွန်ရှော်ဘီ၏ နေအိမ်သို့သွားရောက် စစ်ဆေးရှာဖွေရာ နေအိမ်ခြံဝင်းအတွင်း ဆာလာ အိတ်ဖြင့်ထုပ်၍ မြှုပ်ထားသော WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၅၉၈ဝဝ ပြား (ခန့်မှန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၁၁ဝဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူအား မောင်တောမြို့မရဲစခန်း၌ လုပ်ထုံးလုပ်နည်း နှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ပတ်သက်ဆက်နွှယ်သူအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 69 times Last modified on Tuesday, 24 March 2020 12:11