SJ WorldNews - шаблон joomla Авто

လဲချားမြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Wednesday, 25 March 2020 09:38 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၏ မြောက်ဘက် မီတာ ၁၄ဝဝ ခန့်အကွာရှိ လဲချား-မိုင်းကိုင်သွား ကားလမ်း၌လုံခြုံရေး တပ်ဖွဲ့ဝင်များက ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေး ဆောင်ရွက်စဉ် မတ် ၂၃ ရက် ည ၁၁ နာရီခွဲခန့်တွင် လဲချားမြို့ဘက်မှ မိုင်းကိုင်မြို့ဘက်သို့   စိုင်းမိုင်ဇင်(ဘ)ဦးကော်သလ မောင်းနှင်၍ စိုင်းစွမ်လှိုင်း (ဘ)ဦးလုံးဟိန္ဒကနှင့် အောင်စံဖြိုး(ဘ) ဦးထိန်ဝင်းတို့ လိုက်ပါလာသည့် Kluger-R အမျိုးအစား  မော်တော်ယာဉ်အမှတ်၊ 7I/---- နှင့် စိုင်းအောင်ဝါ(ဘ) ဦးစိုင်းအေး မောင်းနှင်၍ စိုင်းဟန်ဆိုင်(ဘ) ဦးစိုင်းထွန်း ကျော်လိုက်ပါ လာသည့် Wish အမျိုးအစား မော်တော်ယာဉ်အမှတ်၊ MDY 3G/---- တို့အား ရပ်တန့်စစ် ဆေးရာ စိုင်းမိုင်ဇင် မောင်းနှင်လာသည့်  Kluger-R မော်တော်ယာဉ်ခြေနင်းခုံအောက်မှ ပွိုင့်-၂၂ ပစ္စတို တစ်လက်၊ ကျည်အိမ် တစ်ခု၊ ကျည် သုံးတောင့်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါလက်နက်၊ ခဲယမ်းများ၊ မော်တော်ယာဉ်များနှင့်အတူ ဖမ်းဆီးရမိသူများအား လဲချားမြို့ နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 47 times Last modified on Wednesday, 25 March 2020 09:46