SJ WorldNews - шаблон joomla Авто

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် အမ်းမြို့နယ်တို့၌ ခိုးဝင်ဘင်္ဂါလီများ ဖမ်းဆီးရမိ

Thursday, 26 March 2020 10:15 font size decrease font size decrease font size increase font size increase font size

နေပြည်တော် မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ (၆)ရပ်ကွက်၊ ဗိုလ်မှူး ဗထူးလမ်းရှိ ကွတ်ခိုင် စားသောက်ဆိုင်အနီး ၌ ခိုးဝင်ဘင်္ဂါလီများ ရောက်ရှိနေကြောင်း သတင်းအရ မတ် ၂၄ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ကျောက်တော်မြို့မှ ဝင်ရောက် လာသော ဘင်္ဂါလီအမျိုးသား ငါးဦးတို့အား ဖမ်းဆီးရမိ ခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် ပူးပေါင်းအဖွဲ့ သည် မတ် ၂၄ ရက် ည ၆ နာရီခွဲခန့်တွင် ရွာသာယာကျေးရွာအနီးရှိ စစ်တွေကားလမ်းပေါ်၌ ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် စစ်တွေမြို့ဘက်မှ အမ်းမြို့ဘက်သို့ ကျော်သန်းဝင်း (ဘ) ဦးထွန်းစံခိုင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် အောင်နိုင်ဝင်း(ဘ) ဦးရွှေသိန်းမောင် လိုက်ပါစီးနင်းလာသည့် YGN/ 7F---- မာန်သစ္စာခရီးသည်တင် မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရာ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီအမျိုးသား မာမွတ် ရေရာစ် (ဘ)ဂျာဘူဟောက်အား ထပ်မံတွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိ ခိုးဝင်ဘင်္ဂါလီများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                        

(၁ဝဝ)

Read 10 times Last modified on Thursday, 26 March 2020 10:19