SJ WorldNews - шаблон joomla Авто

ငွေကျပ်သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Friday, 27 March 2020 14:08 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   မတ်  ၂၆

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ ပျဉ်းဝကျေးရွာရှိ  ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့သည် ယာဉ်များအား စစ်ဆေးစဉ် မတ် ၂၅ ရက် ညနေ ၃ နာရီခွဲခန့်တွင် ပဒါန်းကျေး ရွာဘက်မှ စည်သူဖြိုး (ဘ) ဦးသိန်းညွန့် မောင်းနှင်၍ အောင်ကျော်ကျော် (ဘ) ဦးလှရင်လိုက်ပါလာသည့် HYUNDAI အမျိုးအစား မော်တော်ယာဉ်အမှတ်၊ BGO- 2R/-----  အားစစ်ဆေးရာ ယာဉ်နောက် ကြမ်းခင်း၌ အံဝှက်ပြုလုပ်၍ သယ်ဆောင် လာသည့် WY စာတန်းပါစိတ်ကြွရူးသွပ် ဆေးပြား ၄၈၇၅၀၀ ပြား(ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း နှစ်သောင်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီး ရမိသူများအား ပဒါန်းမြို့မရဲစခန်း၌ တရားဥပဒေအရ    အမှုဖွင့် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း  သတင်းရရှိသည်။

Read 57 times Last modified on Friday, 27 March 2020 14:09