SJ WorldNews - шаблон joomla Авто

မူဆယ်မြို့၊ မန်ဂိုခမ်းကုမ္ပ ဏီလီမိတက်မှ ၀န်ထမ်းတစ်ဦးအား အမျိုးသား နှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်

Friday, 27 March 2020 14:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မန်ဂိုခမ်း ကုမဏီလီမိတက်မှ မြေဖို့လုပ်ငန်း မန်နေဂျာဖြစ်သူ ဦးစိုးမောင်သည် မူဆယ်မြို့၊ တော်ရွက်ရပ်ကွက်အနီး၌ မြေဖို့လုပ်ငန်းအား ကြီးကြပ်ဆောင်ရွက်စဉ် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့် တွင် ပါဂျဲရိုးအမျိုး အစားမော်တော်ယာဉ်ဖြင့် အမျိုးသားနှစ်ဦး ရောက်ရှိလာပြီး တစ်ဦးက ယာဉ်ပေါ်မှဆင်း၍  ဦးစိုးမောင်အား ပစတိုဖြင့်   သုံးချက် ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။

ဦးစိုးမောင်အား မူဆယ်ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့သော်လည်း ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ အဆိုပါဖြစ်စဉ်ဖြစ်ပွားရာနေရာမှ ၉ မမ ကျည်ခွံသုံးခုကို တွေ့ရှိသိမ်းဆည်း ရမိခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိ သူများပါဝင် သောပူးပေါင်းအဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သူ  အမျိုးသားနှစ်ဦးအားဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 49 times Last modified on Friday, 27 March 2020 17:42