SJ WorldNews - шаблон joomla Авто

ဖားကန့်မြို့နယ်အတွင်း တရားမ၀င်ကျောက်စိမ်းရိုင်းတုံး သယ်ဆောင်လာသူများအားဖမ်းဆီးရမိ

Friday, 27 March 2020 14:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော ဌာန ဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မတ် ၂၅ ရက် ည ၁၀ နာရီခွဲခန့်တွင် ယူမာ ကျေးရွာ၏မြောက်ဘက် မီတာ ၂၀၀ ခန့် အကွာရှိ စစ်ဆေးရေးဂိတ်၌ ယာဉ်ဝင်/ထွက် မှုများအားစစ်ဆေးစဉ် ဝှေခါကျေးရွာဘက်မှ  လုံးခင်းကျေးရွာဘက်သို့    ယာဉ်မောင်း သိန်းဇော်(ဘ)ဦးခင်မောင်ညွန့်မောင်းနှင်၍ ခင်ဦး(ဘ)ဦးသန့်မြင့် လိုက်ပါလာသည့် တုန်ဖုန်အမျိုးအစား   ခြောက်ဘီးယာဉ် အမှတ်၊ ၉ဌ/----အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော တရား မ၀င်ကျောက်စိမ်းရိုင်းတုံးများထည့်ထား သည့် ဆာလာအိတ် ၁၅၀ အိတ် (၄၅၀၀ ကီလိုခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ ကျောက်စိမ်း ရိုင်းတုံးများနှင့် မော်တော်ယာဉ်အား ဖားကန့် မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံ ခဲ့ကြောင်း သတင်းရရှိသည်။     

 

Read 58 times Last modified on Friday, 27 March 2020 14:34