SJ WorldNews - шаблон joomla Авто

ဝိုင်းမော်မြို့နယ်၊ မန်တောင်ကျေးရွာ အနီး၌ တရားမ၀င်သစ်များ၊ မော်တော်ယာဉ်များနှင့် ရွှေတူးဖော်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

Friday, 27 March 2020 14:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၂၆

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင် များသည် မတ် ၂၅ ရက် နံနက် ၃ နာရီခန့် တွင် မန်တောင်ကျေးရွာ၏အနောက်ဘက် မီတာ ၇၀၀၀ ခန့်အကွာသို့အရောက်၌ စုပုံ ထားသည့်  တရားမ၀င်အခြားသစ်ဆိုဒ်စုံ (ခန့်မှန်း ၃၂ ဒသမ ၅၂ တန်)၊ ရွှေတူးဖော် ရာတွင်အသုံးပြုသည့်  ရွှေဖောင်သုံးစင်း၊ ဘက်ဟိုးယာဉ်တစ်စီး၊  ကရိန်းတစ်စီး၊ ဇက်ဖောင်တစ်စင်း၊ ယမ်းဖောင်တစ်စင်း တို့ကိုတရားမ၀င် ရွှေတူးဖော်ခြင်း လုပ်ငန်း လုပ်ကိုင်သည့်  စိုင်းမွန်းသူ(ဘ)ဦးယားရွှေ အပါအ၀င် အမျိုးသားငါးဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ သစ်များ၊ မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ်္စည်းများအား  ၀ိုင်းမော်မြို့နယ်ရဲစခန်းသို့       စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

Read 78 times Last modified on Friday, 27 March 2020 14:37