SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်၊ ပြင်ဖြူ-ကျီးကန်းပြင်သွားကားလမ်း၌ ဒေသန္တရ လက်လုပ်မိုင်းများသိမ်းဆည်းရမိ

Sunday, 29 March 2020 10:55 font size decrease font size decrease font size increase font size increase font size

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ပြင်ဖြူ-ကျီးကန်းပြင်သွားကားလမ်း၌ လုံခြုံ ရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင် များသည် မတ် ၂၇ ရက် ည ၁၁ နာရီခွဲ ခန့်တွင် လမ်းလျှောက်လာသည့် မသင်္ကာ ဖွယ်လူနှစ်ဦးအား တွေ့ရှိသဖြင့် စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်းမရှိဘဲ အထုပ် နှစ်ထုပ်အားပစ်ချ၍ ထွက်ပြေးသွားခဲ့သည်။

၎င်းအထုပ်နှစ်ထုပ်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ ဆာလာအိတ်(အဖြူရောင်)ဖြင့်ထုပ်ထား သည့် အမြင့် ၁ ပေ၊ လုံးပတ် ၃ဝ လက်မ ခန့်ရှိ ဠကငျဖူ တံဆိပ်ပါ အဝါရောင်ဂက်စ် အိုး(အဟောင်း)ဖြင့်  ပြုလုပ်ထားသည့် ဒေသန္တရလက်လုပ်မိုင်းတစ်လုံးနှင့် ပုဆိုး အဟောင်းဖြင့်ထုပ်ထားသည့် အမြင့် ၈ လက်မခွဲခန့်၊ လုံးပတ် ၁၃ လက်မခွဲခန့်ရှိ သံပိုက်လုံးဖြင့်ပြုလုပ်ထားသည့် ဒေသန္တရ လက်လုပ်မိုင်းနှစ်လုံးအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါဒေသန္တရလက်လုပ်မိုင်းများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံ  သွားမည်ဖြစ်ကြောင်းနှင့် ¤င်းနေရာတစ်ဝိုက် အား လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ် သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 98 times