SJ WorldNews - шаблон joomla Авто

ကလိန်အောင်မြို့၊ ကလိန်အောင်ချောင်းအတွင်း၌ တရားမဝင်ရွှေတူးဖော်ခြင်းလုပ်ငန်း လုပ်ကိုင်နေသူများအား ဖမ်းဆီးရမိ

Tuesday, 31 March 2020 09:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၃ဝ

တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ ဝင်များသည် မတ် ၂၉ ရက် ညနေ ၃ နာရီခွဲခန့်တွင် ကလိန်အောင်မြို့၏ အရှေ့တောင်ဘက် မီတာ ၂ဝဝဝ ခန့်အကွာရှိ ကလိန်အောင်ချောင်းအနီးသို့ အရောက်၌ တရားမဝင် ရွှေတူးဖော် ခြင်း လုပ်ငန်းလုပ်ကိုင်နေသည့် ဦးသန်းဇော် (ဘ)ဦးအောင်ကြည်အပါအဝင် အမျိုးသား ခြောက်ဦးကို ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ရွှေဖောင်လေးခု၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများနှင့် ဆက်စပ်ပစ္စည်းများအား ကလိန်အောင်မြို့မ ရဲစခန်းသို့ စနစ် တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 55 times Last modified on Tuesday, 31 March 2020 09:36