SJ WorldNews - шаблон joomla Авто

မူးယစ်ဆေးဝါးသယ်ဆောင်လာသူနှစ်ဦးအား စစ်တွေမြို့နယ်ရှိ ကျောက်တန်း ပူးပေါင်းစစ်ဆေး ရေးဂိတ်၌ဖမ်းဆီးရမိ

Tuesday, 31 March 2020 09:37 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၃ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ကျောက်တန်းပူးပေါင်း စစ်ဆေးရေးဂိတ်၌ လုံခြုံရေးဆောင် ရွက်နေသော ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယာဉ်များအား စစ်ဆေးစဉ် မတ် ၂၉ ရက် ညနေ ၃ နာရီခန့်တွင် ပုဏ္ဏားကျွန်းဘက်မှ စစ်တွေမြို့ဘက်သို့ နိုင်လင်းထွန်း(ဘ)ဦးအဖြူ မောင်းနှင်၍ သန်းခင်(ဘ) ဦးမွှေးလှအောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်တူးဘောက်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၉၈၅ဝ ပြား (ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း၂ဝဝ ကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ၊ မော်တော်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိသူများအား စစ်တွေမြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

(၁ဝဝ)

Read 51 times Last modified on Tuesday, 31 March 2020 09:39