SJ WorldNews - шаблон joomla Авто

မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာနှင့် ဘူးသီးတောင်မြို့နယ်၊ ရွာသစ်ကျေးရွာတို့၌ မီးလောင်မှု ဖြစ်ပွား

Tuesday, 31 March 2020 09:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၃ဝ

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြို ကျေးရွာ၌ မတ် ၂၉ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် နေအိမ်တစ်လုံး၏ မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှုနှင့် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ ရွာသူ၊ ရွာသားများက ဝိုင်းဝန်းငြှိမ်းသတ်သဖြင့် ယနေ့နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရှိရသည်။

မီးလောင်မှုကြောင့် ကျေးရွာနေ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး နေအိမ် ၁ဝ လုံးနှင့် မူလတန်း ကျောင်းဆောင်တစ်ဆောင် မီးလောင်ဆုံးရှုံးခဲ့သည်။

အဆိုပါကျေးရွာသည် AA အကြမ်းဖက် သောင်းကျန်းသူများ၏ အမာခံရွာဖြစ်ပြီး ကျေးရွာ အတွင်းရှိ နေအိမ်များနှင့် အနီးဝန်းကျင်တစ်ဝိုက်၌ တို့သိုဝှက်သိမ်းဆည်းထားသည့် ခဲယမ်း၊ ဗုံးသီးများ မီးလောင် ပေါက်ကွဲခြင်းကြောင့် ရွာသူ၊ ရွာသားများ ဒဏ်ရာရ သေဆုံးခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ ဘူးသီးတောင်မြို့နယ်၊ မိချောင်းဈေးကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ၏ အရှေ့ဘက် ရှိ လယ်ကွင်းများနှင့် တောတန်းများ၌ တောမီးလောင်ကျွမ်းရာ မှတစ်ဆင့် ရွာသစ်ကျေးရွာသို့ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် မီးကူးစက်လောင်ကျွမ်းခဲ့သည်။ မီးလောင်ရာသို့ နယ်မြေခံမီးသတ် တပ်ဖွဲ့ဝင်များနှင့် ရွာသူ၊ ရွာသားများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် ကျေးရွာရှိ လူမနေအိမ် ၁ဝဝ လုံး၊ လူနေအိမ် ၂ဝ လုံး၊ ဗလီတစ်လုံး၊   အာရဗီစာသင်ကျောင်း တစ်ကျောင်း မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ် ရာရရှိမှုမရှိကြောင်း သတင်းရရှိသည်။       

(၁ဝဝ)

Read 46 times Last modified on Tuesday, 31 March 2020 09:41