SJ WorldNews - шаблон joomla Авто

မောင်တောမြို့အနီး မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူတစ်ဦး ဖမ်းဆီးရမိ

Wednesday, 01 April 2020 09:17 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  မတ်  ၃၁

ရခိုင်ပြည်နယ်၊   မောင်တောမြို့နယ်အတွင်း   လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မောင်တောမြို့၏ အရှေ့ တောင်ဘက် မီတာ ၅ဝဝဝ ခန့်အကွာ၌ မောင်တောဘက်မှ   အငူမော်ဘက်သို့ မောင်းနှင်လာသော မသင်္ကာဖွယ် မော်တော်ယာဉ် တစ်စီးအား   ရပ်တန့်စစ်ဆေးစဉ်  ရပ်တန့်ခြင်းမရှိဘဲ   မောင်းနှင်ထွက်ပြေးသဖြင့်   လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးက ခြောက်လှန့် ပစ်ခတ်ခဲ့သည်။

ထိုသို့ခြောက်လှန့် ပစ်မှုကြောင့် မော်တော်ယာဉ်မှာ လမ်း၏ အရှေ့ဘက်ခြမ်းရှိ ရေမြောင်းအတွင်းသို့ တိမ်းမှောက်သွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရာ ယာဉ်မောင်းဖြစ်သူ ကျော်နိုင်ထူး(ဘ) ဦးနိုင်နိုင်နှင့်အတူ လိုင်စင်မဲ့ မော်တော်ယာဉ် ပေါ်မှ ဆာလာအိတ် ၁ဝ အိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ လိမ္မော်ရောင် စိတ်င်္ကြရူးသွပ်ဆေးပြား ၁၈၉၇၁၅ဝ ပြား (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၃၇၉ဝဝ ကျော်ခန့်)ကို တွေ့ရှိ ဖမ်းဆီးရမိသည်။

အဆိုပါ မူးယစ်ဆေးဝါးများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် ဖမ်းဆီးရမိသူအား တရားဥပဒေအရ အရေးယူနိုင်ရေး ပြင်ဖြူနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 46 times Last modified on Wednesday, 01 April 2020 09:18