SJ WorldNews - шаблон joomla Авто

ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်

Wednesday, 01 April 2020 09:52 font size decrease font size decrease font size increase font size increase font size

မအူပင်၊ ဆိုင်ကယ်တိုက်မှု

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် မအူပင်-တွံတေးကားလမ်း မိုင်တိုင်အမှတ် (၂/၁) နှင့်(၂/၂)ကြား၌   မတ် ၃၀ ရက်  မွန်းတည့် ၁၂ နာရီက  ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားသည်။

ဖြစ်စဉ်မှာ တွံတေးဘက်မှ မအူပင်ဘက် သို့ မအူပင်မြို့နယ်နေ ကောင်းဇော်ထက် ၂၁နှစ် မောင်းနှင်ပြီး တစ်ရွာ တည်းနေ ရဲမင်း၁၇ နှစ်နှင့် စန်းမျိုးကျော် ၂၀ နှစ်တို့ စီးနင်းလိုက်ပါလာသည့် အစိမ်းရောင်ဆိုင်ကယ် သည် အခင်းဖြစ်နေရာအရောက်၌ အရှိန် မထိန်းနိုင်ဘဲ  တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိပြီး မျက်နှာချင်းဆိုင်မှ မအူပင်မြို့ နယ်နေ စောအယ်ဂေါ်စေး ၂၃ နှစ် မောင်းနှင်ပြီးနောက်တွင် စောသာထော ၁၅ နှစ် စီးနင်းလိုက်ပါလာသော အဖြူရောင် ဆိုင်ကယ်ကို  မျက်နှာချင်းဆိုင်တိုက်မိရာ ကောင်းဇော်ထက်နှင့် စောအယ်ဂေါ်စေးတို့မှာ ဒဏ်ရာများ (စိုးရိမ်ရ) ရရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကောင်းဇော်ထက်အား မအူပင်မြို့မရဲစခန်းက ယာဉ်(ပ) ၃၈/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈ ဖြင့်   အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Read 43 times Last modified on Wednesday, 01 April 2020 09:53