SJ WorldNews - шаблон joomla Авто

လိုက်ထရပ်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက် တစ်ဦးသေဆုံး

Wednesday, 01 April 2020 09:54 font size decrease font size decrease font size increase font size increase font size

မုံရွာ၊ ယာဉ်တိုက်မှု

စစ်ကိုင်းတိုင်းဒေသကြီး     မုံရွာမြို့  အောင်မင်္ဂလာရပ်ကွက် ပြည်ထောင်စုလမ်း  ၌ မတ် ၃၀ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်က  လိုက်ထရပ်ယာဉ်နှင့်ဆိုင်ကယ် မျက်နှာချင်း ဆိုင်တိုက်မိရာ   တစ်ဦးသေဆုံးမှုဖြစ်ပွား ကြောင်း သိရသည်။

ဖြစ်စဉ်မှာ   မုံရွာမြို့   အောင်မင်္ဂလာ ရပ်ကွက် ပြည်ထောင်စုလမ်း ကြယ်သုံးလုံး ပဲခွဲစက်ရှေ့၌ မနလေးတိုင်း ဒေသ ကြီး ပုသိမ်ကြီး မြို့နယ် ရန်ကင်းသာယာရပ်ကွက် နေ အောင်နိုင်ဦး ၄၀ နှစ် မောင်းနှင်သည့် ယာဉ်အမှတ် MDY- 8K/---- LIGHT  TRUCKနှင့် မုံရွာမြို့ ရန်ကင်းရပ်ကွက်နေ သန်းအောင် ၃၈ နှစ် စီးနင်းသည့် ၅၉ယ/ ---- HONDA SCOPPY ဆိုင်ကယ် တို့ မျက်နှာချင်းဆိုင် တိုက်မိရာ သန်းအောင်မှာ ဒဏ်ရာများ ရရှိသဖြင့် မုံရွာမြို့ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ဆေးကုသစဉ် သေဆုံး သွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာမြို့မ ရဲစခန်းက အောင်နိုင်ဦးနှင့် သန်းအောင်တို့နှစ်ဦးအား ယာဉ်(ပ)၁၉/၂၀၂၀၊ ရာဇသတ် ကြီး ဥပဒေပုဒ်မ ၃၀၄-က အရ အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။            

Read 49 times Last modified on Wednesday, 01 April 2020 09:55