SJ WorldNews - шаблон joomla Авто

ဘုရားဆီမီးပူဇော်ရာမှ နေအိမ်တစ်လုံးနှင့် တဲတစ်လုံးမီးလောင်

Wednesday, 01 April 2020 09:55 font size decrease font size decrease font size increase font size increase font size

နမ့်ခမ်း၊ မီးလောင်မှု

ရှမ်းပြည်နယ်(မြောက်ပိုင်း)    နမ့်ခမ်း မြို့နယ်  မန်အွဲ့ကျေးရွာ၌  မတ် ၃၀ရက် ည ၉နာရီခွဲက နေအိမ်တစ်လုံးနှင့် တဲတစ်လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ   နမ့်ခမ်းမြို့နယ်    ကွမ်လုံ ကျေးရွာအုပ်စု မန်အွဲ့ကျေးရွာနေ ဦးမောင်ညို၏ နေအိမ်ဘုရားစင်၌ ဖယောင်း တိုင်မီးဖြင့် ဆီမီးပူဇော်ထားရာမှ ဖယောင်းတိုင်လဲကျ ပြီး   ထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုး၊  လေးပင် သုံးခန်းနှစ်ထပ် အိမ်တစ်လုံးနှင့် ၎င်းအိမ်၏ မြောက်ဘက် ကပ်လျက်ရှိသည့် ဦးအိုက်ပီး၆၃ နှစ်၏ကောက်ရိုးပုံထားသောတဲတစ်လုံးတို့ မီးလောင်ရာ   ဆုံးရှုံးမှုတန်ဖိုးငွေကျပ် ၅၀၀၀၀၀ ခန့်ဖြစ်သည်။

မီးလောင်မှုဖြစ်ပွားရာသို့  နမ့်ခမ်းမြို့မ ရဲစခန်းမှူး ဒုတိယရဲမှူးတင်ဆန်းဦး ဦးစီးသော တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီး ဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်မျိုး ဦးစီးသောမီးသတ်တပ်ဖွဲ့ဝင်များ၊   အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်း အဖွဲ့သည် မီးသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်ခြောက်စီးနှင့်အတူ     ကျေးရွာသူ၊ ကျေးရွာသား များဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ရာ ည ၁၀ နာရီ ၁၅ မိနစ်တွင်  မီးငြိမ်းသွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာ အသုံးပြုသူ ဦးမောင်ညိုအား နမ့်ခမ်းမြို့မရဲစခန်းက (ပ)၁၀/၂၀၂၀၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။                     

Read 49 times Last modified on Wednesday, 01 April 2020 09:56