SJ WorldNews - шаблон joomla Авто

ဝါယာကြိုးများ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်

Wednesday, 01 April 2020 09:57 font size decrease font size decrease font size increase font size increase font size

မနလေး၊ မီးလောင်မှု

မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ် ၆၉ လမ်းနှင့် ၇၀ လမ်းကြား ဧ၀ရတ်လမ်း (ဈ)ရပ်ကွက်ရှိ ချည်မျှင် စက်ရုံ၌ မတ် ၃၀ ရက် ည ၈ နာရီ ၁၅ မိနစ်က မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ချည်မျှင်စက်ရုံ၏ ပေ ၆၀x ပေ ၈၀ နံကပ်သွပ်မိုး တစ်ထပ်မျက်နှာကြက်၌ သွယ်တန်းထားသော ၀ါယာကြိုးများ အပူ လွန်ကဲပြီး မျက်နှာကြက်သစ်သားတန်းသို့  ကူးစက်ရာမှ မီးလောင်မှုစတင်ဖြစ်ပွားရာ ပေ ၆၀ x ပေ ၈၀ နံကပ်သွပ်မိုး   တစ်ထပ် တစ်လုံး၊ အတွင်း ပစ္စည်းများနှင့် ၀ါဂွမ်းပိဿာ၂၀ ခန့် မီးလောင်ဆုံးရှုံးသည်။

မီးလောင်မှု ဖြစ်ပွားရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး ဦးဆောင်၍ မီးငြှိမ်း သတ်ယာဉ်အစီး ၂၀၊ ရေသယ်ယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် သုံးစီး၊ သနေမီးသတ်တပ်ဖွဲ့ဝင် ၅၀ ဦး၊ ဒေသ  အရန် မီးသတ်တပ်ဖွဲ့ဝင် ၁၂၀ ဦး ၀ိုင်းဝန်း ငြှိမ်းသတ်ရာ ည ၈ နာရီခွဲတွင် မီးငြိမ်းသွားသည်။

အလားတူ မတ် ၃၀ ရက် နံနက် ၄ နာရီ က မနလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်၈၄ လမ်း၊    ၃၂ လမ်းနှင့် ၃၃ လမ်းကြား  ၀င်းလိုက်ရုပ်ရှင်ရုံ အာစီလေးထပ်သုံးလွှာတွင် ၁၅ ပေ x ၁၀ ပေ ရုပ်ရှင်ရုံစက်ခန်းအတွင်း Breaker သို့ အ၀င်လျှပ်စစ် ၀ါယာကြိုးများ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားရာ  လေအေးပေးစက်၊ အခန်းကန့် ထားသော အထပ်သား၊ ပြတင်းပေါက်၊ မျက်နှာကြက်တို့ မီးလောင်ဆုံးရှုံးသည်။

မီးလောင်ရာသို့ တိုင်းဒေသကြီး မီးသတ် ဦးစီးမှူးနှင့် ချမ်းအေး သာစံမြို့နယ်မှ မီးသတ် ယာဉ်ရှစ်စီးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ၀ိုင်းဝန်း ငြှိမ်းသတ်ရာ နံနက် ၄ နာရီ မိနစ် ၂၀ တွင် မီးငြိမ်းသွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ကြီးတံခွန် မြို့နယ်  စက်မှုနယ်မြေရဲစခန်းက စက်ရုံ တာဝန်ခံ ကိုရဲဝင်းနောင်အား (ပ) ၁၁၁/ ၂၀၂၀၊   ပုဒ်မ၂၈၅   အရလည်းကောင်း၊ ၀င်းလိုက် ရုပ်ရှင်ရုံ မန်နေဂျာ    ဦးဝင်းအား အမှတ်(၈) မြို့မရဲစခန်း က ဥပဒေအရ လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သိရသည်။         

 မောင်ပြည်သူ

Read 49 times Last modified on Wednesday, 01 April 2020 09:58