SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်၊ ငါးခူရကျေးရွာ ဈေးဆိုင်တန်း၌ စွန့်ပစ်အမှိုက်ပုံမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား

Thursday, 02 April 2020 09:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဧပြီ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ငါးခူရကျေးရွာဈေး အနောက်မြောက်ဘက်ရှိ စွန့်ပစ်အမှိုက်ပုံ၌ မတ် ၃၁ ရက် မွန်းလွဲ၂ နာရီ မိနစ် ၅ဝ ခန့်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ မောင်တောခရိုင် မီးသတ်တပ်ဖွဲ့မှ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးသူ/ ဈေးသားများနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၆ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိဘဲ ဈေးရှိဆိုင်ခန်း ၈၃ ခန်းနှင့် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ငါးခူရနယ်မြေ ရဲစခန်းမှ  လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

Read 56 times Last modified on Thursday, 02 April 2020 09:29