SJ WorldNews - шаблон joomla Авто

လောင်းလုံးမြို့အနီး မြန်မာ့ပင်လယ်ပြင် အတွင်း တရားမဝင် ငါးဖမ်းလှေ တစ်စင်း ဖမ်းဆီးရမိ

Thursday, 02 April 2020 09:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဧပြီ 

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့အနီး   မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မတ် ၃၁ ရက် မွန်းတည့် ၁၂ နာရီခန့်တွင်  ဓမင်းဆိပ်ကျေးရွာ၏  အနောက်မြောက်ဘက် ရေမိုင် ၁၄   မိုင်ခန့်အကွာ၌ အလျား ၄ဝ ပေ၊ အနံ ၆ ပေ၊ ရေစူး ၂ ပေခန့်ရှိ တရားမဝင်  ငါးဖမ်းလှေတစ်စင်းပေါ်မှ ဦးမျိုးညွန့်(ဘ) ဦးပေါ်ဆန်း အပါအဝင် အမျိုးသားသုံးဦးတို့အား  ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တရားမဝင် ငါးဖမ်းလှေနှင့်အတူ ဖမ်းဆီးရမိသူများအား လောင်းလုံးမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။

Read 53 times Last modified on Thursday, 02 April 2020 09:33