SJ WorldNews - шаблон joomla Авто

လျှပ်စစ်ပန်ကာ အပူရှိန်လွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

Thursday, 02 April 2020 10:11 font size decrease font size decrease font size increase font size increase font size

မြစ်ကြီးနား၊ မီးလောင်မှု

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်၌ မတ် ၃၁ ရက်က လျှပ်စစ်ပန်ကာဖွင့်ထားရာမှ မော်တာ အပူရှိန်လွန်ကဲကာ နေအိမ်သို့ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားမြို့ အောင်နန်းရိပ်သာရပ်ကွက် နယ်မြေ(၈)ရှိ အိမ်ရှင် ဦးသက်ထွန်း အောင်၏ နေအိမ်တွင် မီးလောင်မှု ဖြစ်ပွားကြောင်းသတင်းအရ ကချင်ပြည်နယ် မီးသတ်ဦးစီး ဌာနမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက အရန် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ မီးငြှိမ်းသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်သုံးစီးတို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ရာ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားသည်။

ဆက်လက်၍ မီးလောင်မှုကို စုံစမ်းစစ်ဆေးရာ ဦးသက်ထွန်းအောင်၏ နေအိမ်တွင် လျှပ်စစ်ပန် ကာဖွင့်ထားချိန် လျှပ်စစ်ပန်ကာမှ အပူရှိန်လွန်ကဲ၍ မီးလောင်မှု စတင်ဖြစ်ပွားကြောင်းနှင့်     မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်ထိခိုက် သေဆုံးမှုမရှိသော်လည်း ဦးသက်ထွန်းအောင်ပိုင် ဆိုင်သည့် ၁၅ ပေပတ်လည် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ်တစ်လုံး မီးလောင်ဆုံးရှုံး မှုဖြစ်ပွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးသက်ထွန်းအောင်အား မြစ်ကြီးနားနယ်မြေ ရဲတပ်ဖွဲ့စခန်းက (ပ)၇၉/ ၂ဝ၂ဝ၊ ပြစ်မှုဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 (၄ဝ၃)

Read 51 times Last modified on Thursday, 02 April 2020 10:13