SJ WorldNews - шаблон joomla Авто

ကျောက်တံခါးမြို့နယ်၌ ခင်ပွန်းက ဇနီးအား ဓားမဖြင့်ခုတ်သတ်မှုဖြစ်ပွား

Friday, 03 April 2020 10:18 font size decrease font size decrease font size increase font size increase font size

ကျောက်တံခါး၊ သေမှုသေခင်း

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် တောကျွဲအင်းနယ်မြေ ရဲစခန်းအပိုင် အောင်မြင် ကျေးရွာအုပ်စု အဝေယာရပ်ကွက်၌ဧပြီ ၁ရက် နံနက် ၆ နာရီခွဲက နေအိမ်အတွင်း လင်မယား ချင်းစကားများရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား ဓားမဖြင့် ခုတ်သတ်မှုဖြစ်ပွားသည်။

ဖြစ်စဉ်မှာ ဘဂျမ်း ၃၂ နှစ် အဝေယာရပ်ကွက် အောင်မြင်ကျေးရွာအုပ်စု ကျောက်တံခါးမြို့ နယ်နေသူ၏နေအိမ်၌ ဇနီးဖြစ်သူ မဘူးကြီးယား ၄၄ နှစ်နှင့်ခင်ပွန်းဖြစ်သူ ဘဂျမ်းတို့ လင်မယားချင်း စကားများရန်ဖြစ်ကြရာ ဘဂျမ်းက အရိုး ၉ လက်မခွဲခန့် အသွား ၉ လက်မခန့် ဗျက် ၂ လက်မခွဲခန့်ရှိဓားမဖြင့် ဇနီးဖြစ်သူအား ခုတ်လိုက်ရာ မဘူးကြီးယားတွင် ဦးခေါင်း နောက်စေ့ ၆ လက်မခန့်ပြတ်ရှဒဏ်ရာ၊ ယာနားရွက်အောက်ပြတ်ရှဒဏ်ရာ၊ ယာဘက်လည် ပင်းပြတ်ရှဒဏ်ရာ အသီးသီးရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဘဂျမ်းအား ကျောက်တံခါးမြို့နယ် တောကျွဲအင်းနယ်မြေရဲစခန်းက  (ပ)၁ဝ၃/၂ဝ၂ဝ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)

Read 47 times Last modified on Friday, 03 April 2020 10:20