SJ WorldNews - шаблон joomla Авто

ပုံပါကျင်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ

Saturday, 04 April 2020 14:47 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ပုံပါကျင်မြို့နယ်အတွင်း  လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဧပြီ  ၂ ရက် နံနက် ၃ နာရီခန့်တွင်  ပုံပါကျင်မြို့၏အရှေ့တောင် ဘက်မီတာ ၁၃၀၀၀ ခန့်အကွာရှိတောအတွင်း မသင်္ကာဖွယ်

လူတစ်ဦးအားတွေ့ရှိ၍ သွားရောက်စစ်ဆေးရာ ထွက်ပြေး သွားခဲ့သည်။ ၎င်းင်းထွက်ပြေးသည့်နေရာအနီးမှ  ပလတ်စတစ် အိတ်တစ်အိတ်နှင့် ဆာလာအိတ်ဖြင့်ပြုလုပ်ထားသော ကျောပိုးအိတ်တစ်လုံးကို တွေ့ရှိသဖြင့် စစ်ဆေးရာ အိတ်များ အတွင်းမှ အိုက်စ် ၆ ကီလိုဂရမ်ခန့်(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၅၀၀ ခန့်)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား   ပုံပါကျင် မြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                        

Read 55 times Last modified on Saturday, 04 April 2020 14:48