SJ WorldNews - шаблон joomla Авто

ဖရူဆိုမြို့နယ်အတွင်း၌ တရားမ၀င် သစ်လုပ်ငန်းလုပ်ကိုင်နေသူသုံးဦး ဖမ်းဆီးရမိ

Saturday, 04 April 2020 14:48 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ ၃

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် တရားမ၀င်သစ်များ ထုတ်လုပ်  လျက်ရှိကြောင်း သတင်းအရ လိုက်လံစစ် ဆေးရာ မတ် ၂၉ ရက်တွင် ဖရူဆိုမြို့၏ တောင်ဘက် ၂၄ မိုင်ခန့်အကွာနေရာမှ တရားမ၀င်ကျွန်းသစ်၊ ပျဉ်းကတိုးသစ်နှင့် အခြားသစ်မျိုးစုံ ၆၁ တန်ခန့်နှင့် ဒိုဇာတစ်စီး တို့ကိုလည်းကောင်း၊ မတ် ၃၀ ရက်တွင် ၎င်းနေရာအနီးတစ်ဝိုက်မှ အဆိုပါသစ်များ နှင့်ဆက်စပ်သူ ဒိုဇာယာဉ်မောင်း အပါအ၀င် အမျိုးသားသုံးဦးကိုလည်းကောင်း ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ ယာဉ်နှင့်သိမ်း ဆည်းရမိတရားမ၀င်သစ်များအား ဒီးမော့ ဆိုမြို့နယ်၊ သစ်တောဦးစီးဌာနသို့ စနစ် တကျလွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်း ရရှိသည်။                      

Read 59 times Last modified on Saturday, 04 April 2020 14:49