SJ WorldNews - шаблон joomla Авто

ဘုတ်ပြင်းမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်၌ လှေဖြင့် မူးယစ်ဆေးဝါး သယ်ဆောင် လာသူများအား ဖမ်းဆီးရမိ

Sunday, 05 April 2020 09:34 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်း မြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော  တပ်ဖွဲ့ဝင်များသည် ဧပြီ ၃ ရက်ညနေပိုင်းတွင် ဘုတ်ပြင်းမြို့၏ အနောက်တောင်ဘက် ရေမိုင်၇ မိုင်ခွဲခန့်အကွာသို့ အရောက်၌ မသင်္ကာဖွယ် လှေတစ်စင်းတွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ လှေပေါ်မှ ကျော်စိုး(ဘ)ဦးထွန်းရှိန် အပါအဝင်   အမျိုးသားလေးဦးကို WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၃၈၇ ပြား၊ ICE ၄ ဒသမ ၅ ဂရမ်ခန့် (စုစုပေါင်း မူးယစ်ဆေးဝါးများ တန်ဖိုးငွေကျပ် ကိုးသိန်းကျော်)နှင့်အတူ တွေ့ရှိဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား   ဘုတ်ပြင်းမြို့မ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။       

Read 52 times Last modified on Sunday, 05 April 2020 09:36