SJ WorldNews - шаблон joomla Авто

ဖားဆောင်းမြို့နယ် အတွင်း၌ တရားမဝင် သစ်လုပ်ငန်း လုပ်ကိုင်နေသူများနှင့် ရွှေတူးဖော်နေသူများ ဖမ်းဆီးရမိ

Sunday, 05 April 2020 09:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဧပြီ 

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်  တရားမဝင်သစ်နှင့် ရွှေဖောင်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ ဧပြီ ၃ ရက် နံနက် ၁ဝ နာရီခန့်တွင် ဖားဆောင်း မြို့၏အရှေ့ဘက် ၈ မိုင်ခန့်အကွာနှင့် အနီးဝန်းကျင် တစ်ဝိုက်မှ အမျိုးသား ၁၃ ဦး ကို တရားမဝင် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဝါးဖောင်ခြောက်ခု၊ ကျွန်းနှင့်ပိတောက် သစ်ဆိုဒ်စုံစုစုပေါင်း ၃၇ဝ တန်ခန့်၊ ကရိန်း ယာဉ်တစ်စီး၊ သစ်ခွဲစက်သုံးလုံး၊ သစ်အချော ထည်စက်နှစ်လုံး၊ ချိန်းဆောနှစ်ခု၊ ဝရိန် ဆော်စက်တစ်လုံးနှင့် မီးစက်ကြီးနှစ်လုံး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများ၊ ယာဉ်၊သစ် များနှင့် ဆက်စပ်ပစ္စည်းများအား သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 46 times Last modified on Sunday, 05 April 2020 09:46