SJ WorldNews - шаблон joomla Авто

မုံရွာမြို့ ရေနံချက်ဖို၌ မီးလောင်မှုဖြစ်

Sunday, 05 April 2020 10:58 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ကျောက္ကာ(မြောက်)ကျေးရွာရှိ ရေနံချက်ဖို၌ ဧပြီ ၃ ရက် နံနက် ၇ နာရီခွဲက မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ  မုံရွာမြို့နယ်   ကျောက္ကာ (မြောက်)ကျေးရွာနေ ဦးဝင်းမြင့် ၃၅ နှစ် ပိုင်ဆိုင်သော ရေနံချက်ဖို(လိုင်စင်မရှိ)၌ မန်နေဂျာ မောင်နိုင် ၂၅ နှစ်ဦးစီး၍ ရေနံချက်နေစဉ် ရေနံချက်ဖိုမှ ဆီကျကန်သို့ ပိုက်ဖြင့်ပို့လွှတ်သည့်   ဆီငွေ့နှင့် ချက်ဖို  ထင်းမီးတို့ ထိတွေ့ရာမှ  မီးလောင်မှုဖြစ်ပွားခြင်းဖြစ်သည်။

မီးလောင်ရာသို့ မုံရွာခရိုင်မီးသတ် ဦးစီးမှူး ဦးညီညီဇော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မုံရွာနယ်မြေရဲစခန်းမှ ရဲအုပ်ဆန်းလင်းနှင့် တပ်ဖွဲ့ဝင်များ၊   ကျေးရွာနေပြည်သူများ စုပေါင်း၍ မီးသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်နှစ်စီးတို့ဖြင့်   ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၈ နာရီခွဲတွင် မီးငြိမ်းသွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မုံရွာနယ်မြေ ရဲစခန်းက   မောင်နိုင်အား (ပ)အမှတ် ၁၄၆/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်ဖမ်းဆီး အရေးယူထားပြီး ချက်လုပ်ခွင့် လိုင်စင်မရှိဘဲ ရေနံချက်လုပ်သူ ဦးဝင်းမြင့်အား (ပ)အမှတ် ၁၄၇/၂ဝ၂ဝ၊ ရေနံနှင့်ရေနံထွက် ပစ္စည်းများ ဆိုင်ရာ  ဥပဒေပုဒ်မ ၃၇  အရအမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 51 times Last modified on Sunday, 05 April 2020 10:59