SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ်နှင့်ဆိုင်ကယ်တိုက် နှစ်ဦး သေဆုံး

Sunday, 05 April 2020 11:01 font size decrease font size decrease font size increase font size increase font size

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကညင်လေးပင်ကျေးရွာ ရေကြည်-ကျုံပျော် ကားလမ်း   မိုင်တိုင်အမှတ်(၄၁/၅)နှင့် (၄၁/၆)ကြား၌  ဧပြီ ၃ ရက်  နံနက် ၉ နာရီခွဲက မော်တော်ယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိပြီး နှစ်ဦးသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေကြည်မြို့ဘက်မှ ကျုံပျော်မြို့ဘက်သို့ ကျုံပျော်မြို့နယ် ကြာအင်းကုန်း ကျေးရွာနေ ယာဉ်မောင်း ဇင်မောင်မောင် ၂၁ နှစ်သည်   ယာဉ်အမှတ် 1P/---DumpTruck  အမျိုးအစားအဖြူရောင် ကျောက်တင် မော်တော်ယာဉ်ကို  မောင်းနှင်လာစဉ် ရေကြည်မြို့နယ် ကညင်လေးပင်ကျေးရွာ ရေကြည်-ကျုံပျော်   ကားလမ်းမိုင်တိုင် အမှတ်(၄၁/၅)နှင့်(၄၁/၆)ကြား အရောက်၌ လားရာတူ လမ်းအတိုင်းရှေ့မှ မောင်းနှင်နေသည့် မော်တော်ယာဉ်အား ကျော်တက် စဉ် မျက်နှာချင်းဆိုင်မှ အထောင်မြို့ ဗိုလ်ချုပ်လမ်းနေ ဦးသန်းနိုင် ၅ဝ နှစ် မောင်းနှင်ပြီး နောက်တွင် ရန်ကုန်မြို့ ရွှေပြည်သာ မြို့နယ်နေ မမြင့်ထက်ထက်လှိုင် ၃၂ နှစ် လိုက်ပါလာသော  Honda Wave 100 အမျိုးအစား အနက်ရောင် ဆိုင်ကယ်အား ဝင်ရောက် တိုက်မိခြင်းဖြစ်သည်။

ထိုသို့တိုက်မိမှုကြောင့်  ဦးသန်းနိုင်နှင့် မမြင့်ထက်ထက်လှိုင်တို့မှာ အခင်းဖြစ်ရာ နေရာတွင် သေဆုံးပြီး ဇင်မောင်မောင်မှာ ဝဲဘက်ခြေထောက် ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ဇင်မောင်မောင်အား ရေကြည်မြို့မရဲစခန်းက ယာဉ်(ပ)၈/၂ဝ၂ဝ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၄-က/၃၃၇ ဖြင့်အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

Read 47 times Last modified on Sunday, 05 April 2020 11:04