SJ WorldNews - шаблон joomla Авто

ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက် တစ်ဦးသေဆုံး

Sunday, 05 April 2020 11:06 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာအနီး ပြည်ထောင်စု လမ်းမကြီး၌ ဧပြီ ၃ ရက်  ည ၆ နာရီက ခရီးသည်တင်ယာဉ်တစ်စီး  အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ရာ ငါးဦးဒဏ်ရာ ရရှိကာ တစ်ဦးသေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကွတ်ခိုင်မြို့နယ် မန်ပြိန်းကျေးရွာအနီး  မန္တလေး-မူဆယ်သွား ပြည်ထောင်စု လမ်းမကြီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ  ကွတ်ခိုင်မြို့မှ ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များ၊ ကွတ်ခိုင်မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ပြည်ထောင်စုလမ်းမကြီး   မိုင်တိုင်အမှတ်(၂၁ဝ/၇)၌ မူဆယ်ဘက်မှ လားရှိုးဘက်သို့ ယာဉ်မောင်း ချမ်းမင်းသိန်း ၃၃ နှစ် မောင်းနှင်လာသည့် ယာဉ်အမှတ် 8I/---ခရီးသည်တင် မှန်လုံယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ယာဘက်ခြမ်းသို့ တိမ်းမှောက်ကာ ယာဉ်မောင်း ချမ်းမင်းသိန်းမှာ ယာခြေသလုံး ပေါက်ပြဲဒဏ်ရာ၊ ယာချိုစောင်းပေါက်ပြဲဒဏ်ရာများ ရရှိပြီး  ယာဉ်ပေါ်တွင် လိုက်ပါလာကြသည့် သန်းဇော်ဦး ၃၄ နှစ်၊ ချစ်ပို၄၅ နှစ်၊ ကျော်ဇင်ဦး ၃ဝ နှစ်၊ ကျော်စိုး ၄၅ နှစ်တို့မှာ  ဒဏ်ရာများရရှိပြီး  မောင်နေမျိုး၂ဝ နှစ်မှာ  ဦးခေါင်းနောက်စေ့ ကွဲအက်ဒဏ်ရာရရှိပြီး    အခင်းဖြစ်နေရာတွင် သေဆုံး သွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း ချမ်းမင်းသိန်းအား ကွတ်ခိုင်မြို့မ ရဲစခန်းက ယာဉ်(ပ)၉/၂ဝ၂ဝ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃ဝ၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 52 times Last modified on Sunday, 05 April 2020 11:07