SJ WorldNews - шаблон joomla Авто

လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး သိမ်းဆည်းရမိ

Sunday, 05 April 2020 11:12 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အမှတ်(၁ဝ)ရပ်ကွက်ရှိ   စက်မှုဇုန် လမ်းမပေါ်၌ ဧပြီ ၃ ရက် နံနက်ပိုင်းက လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရွှေဘိုမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးသူ ဦးဆောင်သော နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့် သက်သေများသည် ရွှေဘိုမြို့ပေါ်ရပ်ကွက်များ အတွင်းလှည့်ကင်း ဆောင်ရွက်နေစဉ် အမှတ်(၁ဝ) ရပ်ကွက် စက်မှုဇုန်လမ်းမပေါ်၌ YGN 6M/--နံပါတ်ပါ  Toyota Crown Royal Saloon အမျိုးအစား အဖြူရောင်ယာဉ်တစ်စီးကို ရွှေဘိုမြို့နယ် မင်းကျောင်းရွာနေ ယာဉ်မောင်း တင့်လွင်ထွန်း ၂၅ နှစ် မောင်းနှင်ပြီး သက်ပိုင်စိုးနှင့် ကျော်ဇင်သန့် တို့လိုက်ပါလျက် စစ်ဆေး တွေ့ရှိရသဖြင့် ယာဉ်နှင့်ပတ်သက်သော လိုင်စင်အထောက်အထားများ ရှိ၊ မရှိ စစ်ဆေးရာ လိုင်စင်မဲ့ ယာဉ်ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ တင့်လွင်ထွန်း အား ရွှေဘိုမြို့မရဲစခန်းက (ပ)၂၁၈/၂ဝ၂ဝ၊ ပို့/သွင်း ၈ ဖြင့်   အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

Read 48 times Last modified on Sunday, 05 April 2020 11:13