SJ WorldNews - шаблон joomla Авто

မီးအားမြှင့်စက် အပူရှိန်လွန်ကဲ၍ မီးလောင်

Sunday, 05 April 2020 11:16 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် မြို့ဦးရပ်ကွက်၌ ဧပြီ ၃ ရက် ညနေ ၄ နာရီ မိနစ် ၄ဝ က မီးအားမြှင့်စက်   အပူရှိန် လွန်ကဲကာ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးကောင်းမြို့ မြို့ဦးရပ်ကွက်နေ ဦးကျော်အောင် ၆ဝ နှစ်သည် နေအိမ်ရှိ မီးအားမြှင့်စက်ကို ဖွင့်ထားရာမှ အပူရှိန် လွန်ကဲပြီး နေအိမ်ထရံသို့ မီးကူးစက်လောင်ကျွမ်းရာ ဦးကျော်အောင်  ပိုင်ဆိုင်သည့် အလျား ၁၆ ပေ၊ အနံ ၁၈ ပေရှိ သွပ်မိုး၊ထရံကာ၊ ပျဉ်ခင်း၊ ခြေတံရှည်တစ်ထပ် နေအိမ်တစ်လုံးနှင့်အနီးရှိ  ဦးခင်မောင်မြင့် ပိုင်ဆိုင်သည့် ၈ ပေပတ်လည် ဝါးထရံနှစ်ချပ် စုစုပေါင်း တန်ဖိုးငွေကျပ် ၆၇ဝဝဝဝ ခန့် မီးလောင်ဆုံးရှုံးသည်။

မီးလောင်မှုဖြစ်ပွားရာသို့ မိုးကောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချမ်းငြိမ်းသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ် သုံးစီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ ညနေ ၅ နာရီတွင် မီးငြိမ်းသွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍   မီးပေါ့ဆစွာ အသုံးပြုသော    ဦးကျော်အောင်အား  မိုးကောင်းမြို့မ ရဲတပ်ဖွဲ့စခန်းက (ပ)၂၈/ ၂ဝ၂ဝ၊ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 51 times Last modified on Sunday, 05 April 2020 11:17