SJ WorldNews - шаблон joomla Авто

ရေတွင်းထဲ ဆင်းရာက အောက်ဆီဂျင်ပြတ်၍ အလုပ်သမားအမျိုးသားသုံးဦးသေဆုံး

Monday, 06 April 2020 09:46 font size decrease font size decrease font size increase font size increase font size

မြ၀တီ၊ သေမှုသေခင်း

ကရင်ပြည်နယ် မြ၀တီမြို့၌  ဧပြီ ၃ရက် ညနေ ၅ နာရီက ရေတွင်းထဲဆင်းရာက အောက်ဆီဂျင်ပြတ်၍  အလုပ်သမား အမျိုးသားသုံးဦးသေဆုံးမှုဖြစ်ပွားကြောင်း  သိရသည်။

ဖြစ်စဉ်မှာ မြ၀တီမြို့   အမှတ်  (၃) ရပ်ကွက် တ္တမြား စက်သုံးဆီဆိုင် အတွင်းရှိ  ရေတွင်းထဲတွင် အမျိုးသား သုံးဦး ရေနစ် သေဆုံးကြောင်း သတင်းအရ မြ၀တီ မြို့မရဲစခန်းမှူး  ဒုတိယရဲမှူး အောင်ကျော်ဦး နှင့်ရဲတပ်ဖွဲ့ဝင်များ၊  အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်သက်သေများ၊ မီးသတ် စခန်းမှ   မီးသတ်တပ်ဖွဲ့ဝင်များသည်  ကယ်ဆယ် ရေးပစ္စည်းများ နှင့်အတူ အခင်း ဖြစ်နေရာသို့ သွားရောက် စစ်ဆေးဆယ်ယူရာ  ရေနစ် သေဆုံးသူများမှာ ရဲရင့် အောင်၊  ကိုထွန်းထွန်းနှင့် ကိုထွန်းနိုင် တို့ဖြစ်ကြောင်း  သိရသည်။

အဆိုပါ သေဆုံးသူများအား  မြ၀တီ ခရိုင် ဆေးရုံကြီးသို့   ပို့ဆောင်ပေးခဲ့ပြီး ရေတွင်းထဲသို့   ဆင်းရသည့်ဖြစ်စဉ်မှာ ၀ရိန် ဆော်ရာတွင် တပ်ဆင်သည့် မျက်နှာ အုပ်ကာဗာ   ရေတွင်းထဲကျသွားသောကြောင့် ရဲရင့်အောင်က ရေတွင်း ထဲဆင်း ဆယ်ရာတွင်  ပြန်တက်လာခြင်း မရှိသဖြင့်  ကိုထွန်းထွန်းက   လိုက်ပါ ဆင်းသွားခဲ့ကြောင်း၊ ထို့နောက်ပြန် တက် မလာသဖြင့်  ကိုထွန်းနိုင်က   နောက်ဆုံး လိုက်ပါဆင်း သွားခဲ့ကြပြီး   သုံးဦးစလုံး ရေတွင်းပေါ် ပြန်လည် တက်ရောက် နိုင်ခြင်းမရှိဘဲ ရေတွင်း ထဲတွင် အောက်ဆီဂျင်ပြတ်ကာ  သေဆုံးခဲ့ခြင်းဖြစ်ကြောင်စစ်ဆေး တွေ့ရှိခဲ့ သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မြ၀တီမြို့မ ရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၂၀/၂၀၂၀ ဖြင့်  အမှုဖွင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။    

ထိန်လင်းအောင်

Read 51 times Last modified on Monday, 06 April 2020 09:48