SJ WorldNews - шаблон joomla Авто

ရေကြည်မြို့နယ်၌ မော်တော်ယာဉ်နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင် တိုက်မိ နှစ်ဦးသေဆုံး

Monday, 06 April 2020 09:48 font size decrease font size decrease font size increase font size increase font size

ရေကြည်၊ သေမှုသေခင်း

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် ကညင်လေးပင်ကျေးရွာ ရေကြည်-ကျုံပျော် ကားလမ်း မိုင်တိုင်အမှတ် (၄၁/၅)နှင့် (၄၁/၆)အကြား၌  ဧပြီ ၃ ရက် နံနက် ၉  နာရီခွဲက  မော်တော်ယာဉ်နှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိပြီး နှစ်ဦးသေဆုံး မှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျုံပျော်မြို့နယ် ကြာအင်းကုန်း ကျေးရွာနေ ဇင်မောင်မောင်သည်   Dump  Truck အမျိုးအစား အဖြူ ရောင် ကျောက်တင် မော်တော်ယာဉ်အမှတ် 1P/----- ဖြင့် ရေကြည်မြို့ဘက်မှ  ကျုံပျော်မြို့ဘက်သို့ မောင်းနှင် လာစဉ်   ရေကြည်မြို့နယ် ကညင်လေးပင် ကျေးရွာ ရေကြည်-ကျုံပျော် ကားလမ်း   မိုင်တိုင်အမှတ်(၄၁/၅)နှင့် (၄၁/၆) ကြား အရောက်၌ လားရာတူလမ်း အတိုင်း ရှေ့မှမောင်းနှင်နေသည့် မော်တော်ယာဉ်အား ကျော်တက်စဉ် မျက်နှာချင်းဆိုင်မှ အထောင်မြို့   ဗိုလ်ချုပ်လမ်းနေသူ  ဦးသန်းနိုင် မောင်းနှင်ပြီး နောက်တွင် ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ် နေသူ မမြင့်ထက်ထက်လှိုင် လိုက်ပါလာသော  Honda Wave 100 အမျိုးအစား  အနက်ရောင် ဆိုင် ကယ်အား  တိုက်မိခဲ့ရာ  ဦးသန်းနိုင်နှင့်  မမြင့်ထက်ထက်လှိုင်တို့မှာ  အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး  ဇင်မောင်မောင်တွင်  ၀ဲဘက်ခြေထောက် ပေါက်ပြဲဒဏ်ရာ  (မစိုးရိမ်ရ) တို့ရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍  ယာဉ်မဆင်မခြင် မောင်းနှင်သူ ဇင်မောင်မောင်အား ရေကြည်မြို့မရဲစခန်းက  ယာဉ်(ပ)၈/ ၂၀၂၀၊  ရာဇသတ်ကြီးဥပဒေပုဒ်မ  ၃၀၄-က/၃၃၇  ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၊၊၊၊၊၊၊၊၊၊၊၊

Read 109 times Last modified on Monday, 06 April 2020 09:49