SJ WorldNews - шаблон joomla Авто

၁၂ ဘီးယာဉ်ဘရိတ်ပေါက် ချောက်ထဲထိုးကျ နှစ်ဦးသေဆုံး

Thursday, 09 April 2020 11:44 font size decrease font size decrease font size increase font size increase font size

ငဖဲ၊ ယာဉ်တိမ်းမှောက်

မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် မင်းဘူး-အမ်းကားလမ်း မိုင်တိုင်အမှတ် (၆၄/၅)ဂုတ်စီးရိုးရွာ အနီး၌ ဧပြီ ၇ ရက်ညနေပိုင်းက ၁၂ ဘီးယာဉ်တစ်စီး ဘရိတ်ပေါက်၍ ပေ ၁၅ဝ ခန့်အနက်ရှိ ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ကာ နှစ်ဦးသေဆုံးကြောင်း သိရသည်။

ဖြစ်စဉ်မှာ လမ်းခင်းကျောက်မှုန့်များ တင်ဆောင်၍ နတ်မောက်မြို့ မြို့မကွက်သစ်ရပ်ကွက်နေ ယာဉ်မောင်း တိုးဝင်း ၄၇ နှစ်မောင်းနှင်ပြီး ယာဉ်ပေါ်တွင်ငါးဦး လိုက်ပါလာသော ၁၂  ဘီး ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ ကားဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ပေ ၁၅ဝ ခန့်နက်သော ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခြင်း ဖြစ်သည်။

ထိုသို့တိမ်းမှောက်မှုကြောင့် တိုးဝင်းနှင့် မျိုးမင်းဇော်(ခ)မျိုးသီဟအောင်တို့ နှစ်ဦးမှာ အခင်းဖြစ် နေရာတွင် သေဆုံးပြီး ကျန်လေးဦးမှာ ခန္ဓာကိုယ်တွင်ဒဏ်ရာများ ရရှိသောကြောင့် ပဒါန်း ဆေးရုံ၌ ဆေးကုသမှု ခံယူလျက်ရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ပဒါန်းနယ်မြေရဲစခန်းက ယာဉ်(ပ)၇/၂ဝ၂ဝ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၈/၃၃၇/၃ဝ၄-က ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။  

(၄ဝ၂)

Read 45 times Last modified on Thursday, 09 April 2020 11:48