SJ WorldNews - шаблон joomla Авто

မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်၌ နံရံကပ်ပန်ကာ၏ ပလက်ခုံအပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

Wednesday, 15 April 2020 21:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊  ဧပြီ - ၁၅

          စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ မာဃလမ်းနေ ဦးရဲထွဋ်(ဘ) ဦးသန်းအေး ၏ နေအိမ်၌ ဧပြီ ၁၄ ရက် ည ၇ နာရီခွဲခန့်တွင် အိပ်ခန်း အတွင်းရှိ နံရံကပ်ပန်ကာ ပလပ်ခုံအပူလွန်ကဲပြီး အရည်ပျော်ကာ မွေ့ယာပေါ်သို့ကျ၍ မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည်။

          မီးလောင်မှုဖြစ်ပွားရာနေရာ၌  နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ည ၈ နာရီ ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

           မီးလောင်မှုများကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူ ဦးရဲထွဋ်အား မုံရွာမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Read 46 times Last modified on Wednesday, 15 April 2020 21:32