SJ WorldNews - шаблон joomla Авто

ကျွန်းစုမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်၌ လှေဖြင့်မူးယစ်ဆေးဝါးသယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Wednesday, 15 April 2020 21:48 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊  ဧပြီ - ၁၅

          တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဧပြီ ၁၄ ရက်နံနက်ပိုင်းတွင် စစ်ဘု ချောင်းကြီးဝ အနီး၌  မသင်္ကာဖွယ်လှေတစ်စီးကို တွေ့ရှိသဖြင့် ခေါ်ယူစစ်ဆေးရာ လှေပေါ်မှ အောင်ရီ(ဘ) ဦးထွန်းဗျူးကို WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄၆ဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃ သိန်းကျော်)နှင့် အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

          အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ကံမော်နယ်မြေရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 51 times Last modified on Wednesday, 15 April 2020 21:51