SJ WorldNews - шаблон joomla Авто

ပြင်ဦးလွင်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Sunday, 19 April 2020 22:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဧပြီ - ၁၉

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်-လားရှိုး ကားလမ်းတွင် ဖြတ်သန်းသွားလာသည့် ယာဉ်များအား စစ်ဆေးစဉ် ပြီ ၁၈ ရက် ည ၆ နာရီခန့်တွင် နောင်ချိုဘက်မှ ပြင်ဦးလွင် ဘက်သို့ စိုးဇာအောင်(ဘ)ဦးဖိုးတင် မောင်းနှင်ပြီး သန်းရွှေ(ဘ) ဦးမြမောင် လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်နှင့် ကျော်စွာ(ဘ)ဦးကျော်ငြိမ်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ် တို့အား ရပ်တန့်စစ်ဆေးရာ သန်းရွှေ(ဘ)ဦးမြမောင်၏ ခါးတွင်ပတ်ထားသည့် ခါးပတ်အတွင်း မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉၃၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈ သိန်းကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ဆိုင်ကယ်များ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ပိတ်ချင်းမြောင် နယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။

Read 41 times Last modified on Sunday, 19 April 2020 22:27