SJ WorldNews - шаблон joomla Авто

မြိုင်မြို့နယ် ဆိတ်သာကျေးရွာအနီး၌ တောမီးလောင်ကျွမ်း

Monday, 20 April 2020 10:23 font size decrease font size decrease font size increase font size increase font size

မြိုင်၊ တောမီးလောင်မှု

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကွန်လပ်ကျေးရွာအုပ်စု ဆိတ်သာကျေးရွာ အနီး၌ ဧပြီ ၁၈ ရက် ည ၈ နာရီက တောမီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ တောမီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးရဲအောင် ဦးဆောင် သော မီးသတ်တပ်ဖွဲ့ဝင်များသည် ကျေးရွာပြည်သူများနှင့်အတူ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ မီးသတ်ရေယာဉ်တစ်စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ရာ ဧပြီ ၁၉ ရက် နံနက် ၂ နာရီတွင် ငြှိမ်းသတ်နိုင်ခဲ့သည်။

ထိုသို့တောမီးလောင်ကျွမ်းမှုကြောင့် ရိုးပြတ်တောနှင့်မြက်ခြောက်များ ဧက ၂ဝ ခန့် မီးလောင် ကျွမ်းပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။

သူရ(ပုံတောင်)

Read 33 times Last modified on Monday, 20 April 2020 10:24