SJ WorldNews - шаблон joomla Авто

မဘိမ်းမြို့နယ်၊ ဘဟဲ ကျေးရွာ၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Tuesday, 21 April 2020 09:54 font size decrease font size decrease font size increase font size increase font size

 နေပြည်တော်  ဧပြီ  ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့ နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သတင်းအရ ဧပြီ ၁၉ရက် နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ဘဟဲ ကျေးရွာနေ  ဒေါ်နန်းဌေးအောင်  (ဘ) ဦးရွှေကို၏ နေအိမ်သို့ သွားရောက်စစ်ဆေးရာ WY စာတန်းပါစိတ်ကြွ ရူးသွပ်ဆေးပြား ၁၀၀၀၀ ပြား  (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း၂၀၀ ခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူနှင့် မူးယစ်ဆေးဝါးများ အား မဘိမ်းမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။

 

Read 47 times Last modified on Tuesday, 21 April 2020 09:55