SJ WorldNews - шаблон joomla Авто

ပလက်ဝမြို့နယ်၊ ပျဉ်ဝကျေးရွာ၌ မီးကြွင်းမီးကျန်တစ်ဆင့် မီးလောင်မှုဖြစ်ပွား

Wednesday, 22 April 2020 00:11 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဧပြီ - ၂၁

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရှင်းလက်ဝကျေးရွာအုပ်စု၊ ပျဉ်ဝကျေးရွာနေ ဒေါ်ကိုးနွဲ့(ဘ) ဦးအောင်ဘဲ၏ နေအိမ်၌ ဧပြီ ၁၉ ရက် ညနေ ၆ နာရီခန့်တွင် နေအိမ်မီးဖို မီးကြွင်း မီးကျန်မှတစ်ဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများ၏ ဝိုင်းဝန် ငြှိမ်းသတ်မှုကြောင့် ည ၉ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိဘဲ နေအိမ် ၁၃ လုံးနှင့် လူထုဗဟိုပြု ခန်းမဆောင် ၁ ဆောင် မီးလောင်ပျက်ဆီးခဲ့ရာ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ကိုးနွဲ့အား ပလက်ဝမြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 55 times Last modified on Wednesday, 22 April 2020 00:12