SJ WorldNews - шаблон joomla Авто

လောက်ကိုင်မြို့နယ်၊ စီကော်လျှံပေါက်ပေါက်ရွာပျက်အနီးရှိ အဆောက်အဦးပျက် တစ်လုံး အတွင်းမှ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Wednesday, 22 April 2020 23:51 font size decrease font size decrease font size increase font size increase font size
နေပြည်တော် ၊  ဧပြီ -၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁ နာရီ ၅ဝ မိနစ်ခန့်တွင် စီကော်လျှံပေါက် ပေါက်ရွာပျက်အနီးသို့ အရောက်၌ နှစ်ထပ်အဆောက်အဦပျက် တစ်လုံးအား မသင်္ကာသဖြင့် စစ်ဆေးရာ အဆောက်အဦ အပေါ်ထပ်မှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၈ဝဝ ပြား( ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်း ၁ဝဝ ခန့်)ကို ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား လောက်ကိုင် မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Read 51 times Last modified on Wednesday, 22 April 2020 23:52