SJ WorldNews - шаблон joomla Авто

လင်းခေးမြို့နယ်၊ ဝမ်စလောင်းကျေးရွာအနီး၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ တစ်ဦး ဖမ်းဆီးရမိ

Wednesday, 22 April 2020 23:54 font size decrease font size decrease font size increase font size increase font size
နေပြည်တော် ၊  ဧပြီ -၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယနေ့မွန်းတည့် ၁၂ နာရီခန့်တွင် ဝမ်စလောင်းကျေးရွာ၏ မြောက်ဘက်မီတာ ၁ဝဝ ခန့်အကွာသို့အရောက်၌ မသင်္ကာဖွယ် တောင်ယာတဲတစ်လုံးအား ဝင်ရောက်စစ်ဆေးရာ တဲအတွင်းမှ စိုင်းညွန့်(ဘ)ဦးစိန အား ၎င်းလွယ်ထားသောလွယ်အိတ် အတွင်းမှ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄၄၃ ပြားနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသူအား ဝမ်ဟတ်နယ်မြေရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

Read 52 times Last modified on Wednesday, 22 April 2020 23:55