SJ WorldNews - шаблон joomla Авто

ဆင်ဘိုမြို့နယ်အတွင်း တရားမ၀င်ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Friday, 24 April 2020 00:57 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဧပြီ - ၂၃

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တရားမ၀င်ရွှေဖောင်လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သတင်းအရ လိုက်လံစစ်ဆေးရာ ဧပြီ ၂၂ ရက်နံနက် ၉ နာရီခန့်တွင် တာလောကြီး ကျေးရွာ၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာသို့အရောက်၌ မြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထား သည့် စက်လှေ ၂ စီးပေါ်မှ တရားမ၀င် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် အင်ဂျင် ၂ လုံး၊ လည်ချောင်းပိုက် ၂ ချောင်းနှင့် သံပိုက်လုံး ၂ လုံးတို့ကို ပိုင်ရှင်မဲ့တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ စက်လှေများနှင့် ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်း များကို တာလောကြီးနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိ သည်။

Read 38 times Last modified on Friday, 24 April 2020 00:58