SJ WorldNews - шаблон joomla Авто

ဝိုင်းမော်မြို့နယ်အတွင်း မူးယစ်ဆေးဝါးများသယ်ဆောင်လာသူတစ်ဦး ဖမ်းဆီးရမိ

Friday, 24 April 2020 00:58 font size decrease font size decrease font size increase font size increase font size

နေပြည်တော် ၊ ဧပြီ - ၂၃

ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် ဌာနဆိုင်ရာတာဝန် ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ၀ါရှောင်ကျေးရွာ၏ အရှေ့မြောက်ဘက် (၂)မိုင်ခန့် အကွာရှိ ၁၃ ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ယာဉ်ဝင်၊ ထွက်မှုများအား စစ်ဆေးစဉ် ဧပြီ ၂၂ ရက် ည ၉ နာရီခန့်တွင် ကန်ပိုက်တည်မြို့ ဘက်မှ ၀ိုင်းမော်မြို့ဘက်သို့ ချမ်းယိန်း(ဘ)ဦးယိန်းချမ်း မောင်းနှင်လာသည့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ ဘိန်းစိမ်း ၁၀၀၀ ဂရမ်ခန့်(ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၅ သိန်းခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား ၀ိုင်းမော်မြို့မ ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Read 52 times Last modified on Friday, 24 April 2020 00:59