SJ WorldNews - шаблон joomla Авто

မသင်္ကာဖွယ် လူလေးဦးအား စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၁၂၀၀ သိမ်းဆည်းရမိ

Friday, 24 April 2020 14:19 font size decrease font size decrease font size increase font size increase font size

လားရှိုး  ဧပြီ  ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုး မြို့နယ်  မန်အိုင်ကျေးရွာအုပ်စုအနီး၌ ယမန်နေ့  မွန်းလွဲ  ၂ နာရီခွဲက  မူးယစ် ဆေးဝါး သုံးစွဲ ရောင်းချနေကြောင်း သတင်းအရ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေစဉ် ကုန်းညောင်ကျေးရွာ လုံခြုံရေး မီးကင်းတဲ၌   မသင်္ကာဖွယ်လူလေးဦးအား   တွေ့ရှိ၍ စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၁၂၀၀ ပြား  သိမ်း ဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့ အမှတ်(၂၄)မူးယစ် တပ်ဖွဲ့စု မြို့ပေါ်လှုပ်ရှားအဖွဲ့မှ ရဲအုပ် ထွန်းလင်း  ဦးစီးသော တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ လားရှိုးမြို့နယ် မန်အိုင်ကျေးရွာအုပ်စု ကုန်းညောင်ကျေးရွာ၌ မူးယစ်ဆေးဝါး သုံးစွဲ ရောင်းချနေကြောင်း သတင်းအရ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကုန်းညောင်ကျေးရွာ လုံခြုံရေး မီးကင်းတဲအတွင်း မသင်္ကာဖွယ် တွေ့ရှိရသူ မျိုးဇော်နိုင်(ခ)အငဲ၊ လောက်အန်း (ခ)ချိန်ရှီးအန်း၊ အိုက်စိုင်း၊ မာနော်(ခ) ဆိုင်းလားတို့လေးဦးအား  စစ်ဆေးရှာဖွေရာ  မျိုးဇော်နိုင်(ခ)အငဲ   လွယ်ထားသည့်  လွယ်အိတ်အတွင်းမှ  ပန်းရောင်စိတ်ကြွ ဆေးပြား ၁၂၀၀ ပြား ကာလတန်ဖိုးငွေကျပ်  ၂၄၀၀၀၀၀  နှင့် မြန်မာငွေစက္ကူရောရာ  ငွေကျပ် ၃၀၀၀၀  တို့ကို  ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်းသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွဆေး ပြားများလက်ဝယ်တွေ့ရှိသူ မျိုးဇော်နိုင် (ခ)အငဲအပါအ၀င် လေးဦးအား လားရှိုး မြို့မရဲစခန်းက မယ(ပ)၆၉/၂၀၂၀၊ မူး/ စိတ်ဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁  ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။                           

 

 

Read 49 times Last modified on Friday, 24 April 2020 14:20